Quantcast
Channel: Myanmar Mobile App » Android OS game များ
Viewing all articles
Browse latest Browse all 164

Bloons TD 5 v1.4 for Android

$
0
0




Android ဖုန်း/Tablet တွေအတွက် နာမည်ကြီးဂိမ်းလေးတစ်ခုဖြစ်တဲ့ Bloons TD 5 v1.4 for Android ကိုတင်ပေးလိုက်ပါတယ်။ Bloons TD 5 ဂိမ်းထဲမှာ အံ့သြစရာကောင်းတဲ့ tower တွေဆောက်လုပ်ရမယ်၊ ကိုယ်နှစ်သက်ရာအဆင့်မြှင့်တင်မှု တွေကိုရွေးချယ်ရမယ်၊ ထူးခြားပြီးထက်မြက်တဲ့ အထူး အေးဂျင့် အသစ်တွေကိုငှားရမ်းရမှာဖြစ်ပါတယ်။ ဆောက်လုပ်ရမယ့် tower တွေနဲ့ အေးဂျင့်တွေကို အကုန်လုံးအသစ်တွေသုံးထားပြီး resolution မြင့်မားတဲ့ graphic တွေ၊ တီထွင်ဆန်းသစ် ထားတဲ့ လမ်းကြောင်း တွေနဲ့ထူးခြားတဲ့ mission တာဝန်တွေနဲ့ဖန်တီးထားတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ အထူးပြုလုပ်ထားတဲ့ အဆောက် အဦအဆင့် မြှင့်တင်မှုတွေပြုလုပ်ရာမှာလည်း ထူးခြားတဲ့အဆင့်တွေနဲ့ဖွဲ့စည်းပေးထားပါတယ်။ သင်တစ်ခါမှမမြင် ဖူးသေးတဲ့ Monkey Lab လိုဟာမျိုးကိုလည်း ဒီဂိမ်းထဲမှာတွေ့ရှိရမှာပါ။ နာရီပေါင်းများစွာကြာအောင် ကစားရမယ့်ဂိမ်းပုံစံ ဖြစ်ပြီး ကစားသူတွေ အထူးနှစ်သက်ကြပါလိမ့်မယ်။ လုံးဝထူးခြားတဲ့ feature တွေနဲ့အတူ ဆော့ကစားရမယ့်ဂိမ်းကောင်း တစ်ခုပါပဲ။ Tower တွေ၊ အထူး အေးဂျင့်တွေ၊ Monkey lab တွေကလုံးဝပုံစံအသစ်တွေဖြစ်ပြီး၊ အဆောက်အဦတွေကို အဆင့် ၄ ဆင့် ထိအဆင့်မြှင့် တင်ပေးနိုင်ပါတယ်။ ထူးခြားဆန်းသစ်တဲ့လမ်းကြောင်းတွေထဲမှာ ကစားရမှာဖြစ်တဲ့အတွက် လုံးဝကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကြီးမားတဲ့ Tower ၁၈ လုံးပါရှိပြီး tower တွေမှာ အံ့သြဖွယ်စွမ်းအားတွေပါရှိပါ တယ်။ နောက်ပြီး အဆင့်မြှင့် တင်မှုကိုလည်း လမ်းကြောင်း ၂ မျိုးနဲ့ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အထူးအေးဂျင့်ကတော့ ၁၀ ဦးဖြစ်ပါ တယ်။ လမ်းကြောင်း ၂၄ ကြောင်းအတွင်းမှာ ကစားရမှာဖြစ်ပြီး၊ ပြီးဆုံးအောင်ဆောင်ရွက်ရမယ့် အထူးတာဝန် mission ပေါင်း ၁၀ မျိုးပါရှိမှာဖြစ်ပါတယ်။ အလျဉ်းသင့်သလိုဆောင်ရွက်သွားရမယ့် တာဝန် Mission ကတော့ 250 ကျော် ပါရှိမှာဖြစ်တဲ့အတွက် mission ပေါင်းများစွာနဲ့အတူ အားပါးတရကစားနိုင်မှာပါ။ ရင်ဆိုင်တိုက်ခိုက်ရမယ့်ရန်သူတွေက ရက်စက်ကြမ်းကြုတ်တဲ့ရန်သူတွေဖြစ်ပြီး Camos, Regrower Bloons အပြင် ကြောင့်ရွံ့ထိတ်လန့်ဖွယ်ကောင်းတဲ့ ZOMG နဲ့ပါရင်ဆိုင်ရပါလိမ့်မယ်။ ကစားရင်းနဲ့ achievement ပေါင်း ၅၀ ကျော်ကိုရယူရမှာပါ။ ဂိမ်း mode ကတော့ ၃ မျိုးဖြစ်ပြီး ခက်ခဲတဲ့ ဂိမ်း setting ၃ မျိုးနဲ့ လူတိုင်းနဲ့ရင်းနှီးကျွမ်းဝင်ပြီးသား theme ကို အသုံးပြုထားတဲ့အတွက် လူတိုင်းကစားနိုင်ပါ လိမ့်မယ်။ Android 2.3 နဲ့အထက်တွေမှာကစားနိုင်မှာဖြစ်ပါတယ်။ Bloons TD 5 v1.4 for Android ဂိမ်းကိုအောက်က link မှာရယူပါ။

Download Here:



Mirror link: Bloons TD 5 v1.4 for Android (apk + Data)





Ref: Net Guide Journal


Viewing all articles
Browse latest Browse all 164

Trending Articles